Sunday, June 14, 2009

လောကကြီးနှင့်မိတ်ဆက်ခြင်း

ဒီနေ့ တနင်္ဂနွေနေ့ ဦးသောင်းရွှေ နှင့် ဒေါ်မြင့်ကြည် မိသားစု ရဟန်းခံရှင်ပြု အလှူရှိတယ်လေ။ အရမ်းရင်းနှီးပြီး မိသားစုလိုဖြစ်နေကြတာဆိုတော့ အလှူကို အိမ်က အဖိုးနဲ့ အဘွားက သွားကြမယ်၊ အမေလည်းလိုက်မယ်ပေါ့။ အလှူမှာ ဒံပေါက်ကျွေ့းမယ် အမေကကြိုက်လည်းကြိုက် ဆိုတော့ အမေလည်းလိုက်သွားတယ်။အဲဒီနေ့က အမေက ကိုယ်ဝန်ကြီးက နေ့စေ့လစေ့ ကြီးနဲ့ဆိုတော့ အဘွားကတားပါသေးတယ်။ ဒါပေမယ့် အမေက မမွေးနိုင်သေးဘူးဆိုပြီး လိုက်သွားတာပါ။ ရှင်လောင်းတွေဘာတွေလှည့်ပြီးမှ ဒံပေါက်စားတော့မယ်ဆိုမှ ဗိုက်ကနာလာပြီ ဒါပေမယ့် ဆေးရုံမသွားသေးဘူး စားပြီးမှသွားမယ်ဘာတွေလုပ်နေသေးတယ်။ အဖိုးက မရဘူးသွားရမယ် လာဆိုပြီး ကားငှားပြီးဆေးရုံ ပို့လိုက်တာ အဲဒီတုန်းက ရှင်ပါဂူအထူးကုဆေးခန်း ၊ အောင်ဇေအထူးကုဆေးခန်း ၊ SSC Special Clinic စတဲ့ဆေးရုံတွေ မရှိသေးဘူး ရှိလည်း ၀န်ထမ်းမိသားစုဆိုတော့ ဘယ်တက်နိုင်ပါ့မလဲ။ ဒါနဲ့ပဲ တာမွေမှာရှိတဲ့ အလုပ်သမားဆေးရုံမှာ တင်လိုက်တယ်။ ရောက်ရောက်ချင်းလည်း ဗိုက်ကဆက်တိုက်နာတာမဟုတ်သေးတော့ ပြန်ပြီး ဒံပေါက်စားဦးမယ်လုပ်နေသေးတယ်။ ဒါပေမယ့်ဆရာမတွေက ပြောတယ် ညနေမွေးမှာ ပြန်လို့မရဘူးဆိုတော့ စိတ်ဆိုးပြီး အိပ်နေလိုက်တယ်ပေါ့။

အဲ ညနေရောက်တော ဗိုက်ကနည်နည်း နာလာတယ် ပြီးတော့တဖြည်းဖြည်း နာနာလာတာ သိပ်ပြီးတော့မကြာဘူး မွေးခန်းထဲ ကိုသွားမယ်ဆိုပြီး လာပြောတယ်လေ။ လာပြောတာအမေ သူငယ်ချင်း သူနာပြု ဆရာမပေါ့ သူလာပြီးမွေးခန်းထဲကို ခေါ်သွားတယ်။ သိပ်မကြာလိုက် ပါဘူးဆရာမထွက်လာပြီးအဖေကိုလာပြောတယ် သားယောက်ကျားလေး မွေးတယ် ဆိုတော့ အဖေပျော်လွန်းလွန်းလို့ ဆေးရုံမှာက ၀ရန်တာမှာပြေးတယ် လို့ပြောတယ်။ ဒါပေမယ့် မွေးပြီးပြီးချင်း ကလေးလေးက အသားဝါပါလို့ မှန်ခန်းထဲမှာထားရမယ်ဆိုတော့အဖေ စိတ်တွေပူပြီး ရွတ်လိုက်ရတဲ့ ဘုရားစာတွေဆိုတာ ရတာအကုန်ရွတ်တာ ဘယ်နှစ်ခေါက်မှန်းတောင် မသိဘူးတဲ့ မိဘမေတ္တာကြီးမားလိုက်တာနော်။

နောက်၃ရက်နေတော့ ကလေးလေးကိုမှန်းခန်းထဲက ထုတ်လာပြီးမိခင်နဲ့တူတူထားတော့မှ အဖေ့ရင်ထဲကအလုံးကြီးကြသွားတယ်။ နောက်ပြီး ဆေးရုံက ဆင်းတော့ အိမ်ပြန်ရောက်တာနဲ့ အဖိုးနဲ့အဘွားက မီးနေသယ် အားရှိအောင်လို့ အစားအစာတွေ ကျွေးတော့တာပဲ။ နောက်ပြီး ချွေးထုတ်ရသေးတယ် ဘယ်လောက်တောင် ပူလိုက်မလဲ မသိဘူး ကိုယ့်သားလေး ကျန်းမာအောင် လေမအောင့်အောင် ၀မ်းမပျက်အောင် စသဖြင့် ရှောင်လိုက်ရတဲ့ ရှောင်လိုက်ရတဲ့ အစား ပြီးတော့နို့ချိုတိုက်ကျွေးနိုင်အောင် သောက်လိုက်ရတဲ့ ပူပူခါးခါး အရသာပဲရှိတဲ့ မီးနေဟင်းခါး စုံလို့ပါပဲ။

ဒါပေမယ့် အဘွားချက်ပေးတဲ့ ဟင်းခါးကို အမြဲတမ်း အားပေးတဲ့ ပရိတ်သတ်ရှိတယ်။ အမေအစ်ကို ပေါ့။ ကျွန်တော့်ဘကြီး လူပျိုကြီးက နေ့တိုင်းပဲ အဘွားကို ပိုချက်ခိုင်းတယ်လေ သူသောက်ချင်လို့တဲ့။ အဘွားလက်ရာ ကောင်းသလားမမေးနဲ့နော်။ အမေ့ရဲ့ အစ်ကို ဘကြီး လူပျိုကြီးကလည်း သူ့တူလေးကိုချစ်လိုက်တာ ငယ်ငယ်လေးကတည်းက ကြီးလာရင် မြေတောင်မြှောက်ပေးဖို့ စဉ်းစားလိုက်ရတာလည်း တော်တော်ပဲ။ ဘာတွေ လုပ်ပေးမလဲဆိုတာလည်း ပြောတောင်မပြောနိုင်ဘူ။ အဒေါ်အပျိုကြီးတွေကလည်း အရမ်းချစ်ကြတယ်လေ။ ဘာဖြစ်လို့လည်းဆိုတော့ တူလေးက အမျိုးထည်းမှာ တစ်ယောက်တည်လေ။ အမေ တို့မွေးချင်းဆယ်ယောက်မှာ အမေက နံပါတ် နှစ်လေ။ နံပါတ် တစ်နှင့် နံပါတ် သုံးနှစ်ယောက်သာယောက်ကျားလေးဆိုတော့ မိန်းကလေးအများကြီးပဲ။ ဦးလေးက မွေးထားတာတွေကလည်း မိန်းကလေးတွေပဲ။ ဒါကြောင့် တူလေးကို အရမ်းချစ်ကြတာပေါ့။ ဒီလို မိန်းကလေးများတဲ့ မိသားစုကမွေးတဲ့ကလေးလေး မိန်းကလေးစိတ်မဖြစ်သွားတာ (အခြောက်) မဖြစ်တာ ကံကောင်းတယ်နော် ။ ဒီလိုနှင့် ကျယ်ပြောလှတဲ့ လူလောကကြီးထဲကို ထူးချွန်ပြောင်မြောက်မည့် ကလေးငယ်လေးတစ်ယောက် ရောက်ရှိလာပါတော့တယ်ဗျာ။

(ဖေဖေ မေမေ နှင့် ဦးလေးအဒေါ်များက ပြန်ပြောပြသည်များကို မှတ်မိသလောက်ပါ )

Saturday, June 13, 2009

ရင်ခုန်သံ မိတ်ဆက်

အခုလို လာရောက်လည်ပတ်တာကိုကျေးဇူးတင်ကြောင်း ပထမဦးဆုံးပြောပါရစေ။ ရင်ခုန်သံတွေ နှင့် အိမ်မက်တွေ ကိုလာရောက်ပြီးခံစားပေးတဲ့အတွက်လည်း ကျေးဇူးပါ။ ဒီပထမဦးဆုံး ပို့(စ်)လေးကို မိတ်ဆက်တဲ့
သဘောအဖြစ် တင်ဆက်ပါရစေ။ အခုမှစာစရေးမှာဖြစ်တဲ့အတွက် အမှားတွေပါမှာပါ။ ခွင့်လွှတ်ပါလို့ကြိုတင်
တောင်းပန်ပါရစေ။